
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”
“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..
ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”
“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာ့အမေ….”
“ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”
...........................................................................
အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြား နေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ “ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary’ husband, and you?har har.
မိုရီ။ ။ Me too, har har har
..................................................................
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။” ဘုရားသခင်” ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) ” ဂျီးဆပ် ခရစ်”
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
.......................................................................
မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃
နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
‘ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော’
‘ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး
ပစ်လိုက်လို့ နေမှာပေါ့’
‘အခုလဲ ဒီအတိုင်းပါပဲခင်ဗျား’
...........................................................................
တရုတ်ပုံပြင်လေးတစ်ပုဒ်ပါ။သူငယ် ချင်းတို့ကြားဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည် လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့  အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို——-တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ေ ယာက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက် တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့ အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခ င်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ဖင်ပေါက်ထဲကိုထည့်ရမယ်၊တ ကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက် မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့  ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက “မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက် ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့် ရယ်ရတာလဲ”လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ “ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတ ယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။”တဲ့
....................................................
ခရီးသည်တင် လေယာဉ်ကြီးတစ်စီးပေါ်တွင် လေယာဉ်မယ်က ခရီးသည်များအား အသိပေးစကားပြောလေသည်။
လေယာဉ်မယ်… ကျေးဇူးပြုပြီး နားဆင်ကြပါရှင်။
ခရီးသည်များ….အားလုံးတိတ်ဆိတ်သွားပြီး လေယာဉ်မယ်ကို လှမ်းကြည့်လိုက်သည်။
လေယာဉ်မယ်…၀မ်းသာစရာ သတင်းနှစ်ခု နဲ့ ၀မ်းနည်းစရာ စကားလေး တစ်ခွန်းလောက်ပြောကြားခွင့်ပြုပါ။
ခရီးသည်များ… ဆက်လက်နားထောင်နေသည်။
လေယာဉ်မယ်… ၀မ်းသာစရာ စကားကတော့ ပထမ အချက် အနေနဲ့ အခုခရီးစဉ် လေယာဉ်ခများကို အခမဲ့စီးနင်းခွင့်ပြုမှာမို့ ငွေများပြန်လည်ထုတ်ပေးဖို့ ပါပဲ။
ခရီးသည်များ…. ဟေး… ဟုအော်ကာ ၀မ်းသာသွားကြသည်။
လေယာဉ်မယ်…နောက်ထပ် ၀မ်းသာစရာ တချက်ကတော့ ခရီးသည်တစ်ဦးကို ဒေါ်လာငွေ ၅၀၀၀စီ အပိုထပ်ဆောင်း ပေးအပ်သွားမယ်ဆိုတာပါပဲ။
ခရီးသည်များ…. ဟေး… ဟုအော်လိုက်ကြပြန်သည်။
လေယာဉ်မယ်… ၀မ်းနည်းစရာတစ်ခုကတော့ ကျွန်မတို့ လေယာဉ် စက်ချွတ်ယွင်းပြီး မြေပြင်ကို ထိုးကျနေပြီဆိုတဲ့ စကားပါပဲ။
အားလုံကိုကျေးဇူးတင်ပါတယ် ….
ခရီးသည်များ…”ဟိုက်”….
...........................................................................
စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့  ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။ ဘယ်သူကများ ဆေးသုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်
ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့် ခင်း ပြီးမှထိုင်တယ်။ ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို ပြန်
လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။
“ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား , ဘယ်လိုလုပ်သိတာလဲ”
“ဘာတွေလာပြောနေတာလဲ…ငါကအရ ပ်ပုလို့  ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ…”
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
“ဟေ့ကောင်…….မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်..”
“မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူးဆရာ…မဆင်းဘူး”
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာ ကသေနတ်ကိုယူလိုက်ပြီး
“ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..”
“ဟုတ်…ဟုတ်..ဆင်းလာပါပြီ. ..မပစ်ပါနဲ့ …ဆင်းပါပြီ..”
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
“မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆ င်းတာလဲ..”
“ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်ေ တ်ာသိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ..”
.................................................................................
ရွာတစ်ရွာမှာ ဦးသာဒွန်းနဲ့ ဒေါ်ပုဆိုတဲ့ သူဌေးလင်မယားနှစ်ယောက်ရှိတ ယ်။ ဒါပေမယ့် လူတွေအားလုံးက သူဌေးကြီး ဦးသာဒွန်းလို့ မခေါ်ကြပဲ သူဌေးမကြီး ဒေါ်ပုရဲ့ ယောကျာင်္းဆိုပြီး ခေါ်ကြတယ်။ ဒီအခါမှာ ဦးသာဒွန်းက စိတ်ထဲမှာ မကျေနပ်ပါဘူး။ စီးပွားရေးတွေကျတော့ နှစ်ယောက်အတူတူကြိုးစားလုပ်ကိုင်ခဲ့ရပြီးမှ နာမည်ကြီးတော့ မိန်းမဖြစ်သူက သူဌေးမကြီးဒေါ်ပု ဆိုပြီး နာမည်ကြီးနေတယ်။ ရွာမှာရှိတဲ့ အလှူပွဲ မင်္ဂလာပွဲတွေက ဖိတ်စာပို့ရင်လဲ သူဌေးမကြီး ဒေါ်ပုနှင့် ခင်ပွန်း ဆိုပြီးဖိတ်တော့ ဦးသာဒွန်းရဲ့နာမည်က တစ်ခါမှကို မပါပါဘူး။ ဦးသာဒွန်းရဲ့ အတွေးထဲမှာ သူဟာမိန်းမရဲ့ လောင်းရိပ်အောက်မှာ မိနေတော့ သူ့နာမည်ထွက်ဖို့ လုပ်ရမယ်ဆိုပြီး တွေးမိပါတယ်။ တစ်နေ့တော့ အလှူတစ်ခု သွားဖို့ကြုံလာတဲ့အခါ သူနာမည်ကြီးအောင်လုပ်မယ်ဆိုတဲ့ အတွေးအတိုင်း အလွန်ကိုလှပတဲ့ မြင်းဖြူကြီးကို စီးပြီးအိမ်ကထွက်လာပါတယ်။ မြင်းစီးပြီးထွက်လာတဲ့အချိ န်မှာ ဦးသာဒွန်းစိတ်ထဲမှာ တွေးနေတာက သူ့ကိုဒီပုံအတိုင်းသာ လူတွေမြင်ရင် သူဌေးကြီးဦးသာဒွန်း မြင်ဖြူကြီးစီးပြီးလာတယ်လို့ လူတွေက ပြောမှာပဲဆိုပြီး တွေးလာပါတယ်။ တကယ်တမ်း အလှူကိုလဲရောက်ရော သူဌေးမကြီး ဒေါ်ပုယောကျာင်္း မြင်းဖြူကြီးစီးလာတယ်လို့ပဲ ပြောကြပါတယ်။ အဲဒီအခါမှာတော့ ဦးသာဒွန်းတစ်ယောက် စိတ်ညစ်သွားရပါတယ်။ ဒါပေမယ့် လက်မလျှော့ပဲ နောက်တစ်ခါ ကြိုးစားပါတယ်။
ဒီတစ်ခါတော့ ရွာထိပ်မှာ ဇရပ်အကြီးကြီးတစ်ဆောင်ဆောက်ပြီး သူဌးကြီး ဦးသာဒွန်းဆိုတဲ့နာမည်ကို အကြီးကြီးရေးပြီး ဒေါ်ပုဆိုတဲ့နာမည်ကို သေးသေးလေးပဲ ရေးထားပါတယ်။ ဒီဇရပ်ကိုတော့ သူဌေးကြီးဦးသာဒွန်းရဲ့ဇရပ်လို့ ခေါ်မှာပဲဆိုပြီးတွေးနေပြန် တယ်။ ဒါနဲ့ ဘယ်လိုခေါ်မလဲဆိုတာ သိချင်တော့ ခရီးသွားတစ်ဦးပုံ အယောင်ဆောင်ပြီး ခရီးသွားအဖွဲနဲ့ ရောလိုက်လာပါတယ်။ ညနေစောင်းလာတော့ ခရီးသွားဖော်တွေကို မေးပါတယ်။ ညကျရင် ဘယ်နေရာမှာများ တည်းခိုလို့ရနိုင်မလဲမေးတော့ ခရီးသွားတစ်ဦးက ခင်ဗျားတော်တော်ညံ့တာပဲ ရှေ့နားမှာ သူဌေးမကြီးဒေါ်ပုလှူထားတဲ့ ဇရပ်ရှိတယ်လေလို့ ပြောလိုက်ပါတယ်။ ဒီတစ်ခါမှာလဲ ဦးသာဒွန်းတစ်ယောက် ဒီမိန်းမရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်သေးဘူးဆိုပြီး စိတ်ညစ်နေပါတယ်။
ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး ဘုန်းကြီးဝတ်လိုက်ပါတယ်။ ဦးဇင်းဦးသာဒွန်း ရွာထဲကို ဆွမ်းခံကြွတဲ့အခါကျတော့လဲ လူတွေက သူဌေးမကြီးဒေါ်ပုရဲ့ ဦးဇင်းကြွလာပြီဆိုပြီးပြောကြပြ န်တယ်။ အော် ဘုန်းကြီးဝတ်တာတောင် ဒေါ်ပုနာမည်အောက်ကမလွတ်ဘူးဆိုပြီး ဘုန်းကြီးကနေထွက်လိုက်ပါတယ်။ နောက်ဆုံးတော့ ဦးသာဒွန်းလဲ မထူးပါဘူးဆိုပြီး ဘိန်းစားမယ်ဆိုပြီး ဘိန်းစားပါတော့တယ်။ အဲ ဒီတစ်ခါတော့ ဦးသာဒွန်းနာမည်ကြီးပါပြီ။ ဘယ်လိုနာမည်ကြီးလဲဆိုတော့ လူတွေခေါ်ကြတာက ဘိန်းစားသာဒွန်း ပါတဲ့။
သူငယ်ချင်းဖြစ်သူ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အပျိုကြီတစ်ဦး ညည်းညည်းညူညူ ပြောကြားသည်ကား……….. .
“လောကမှာ ယောကျာင်္းအတော်များများက လူလိမ်လူညာတွေချည်းပဲ”
“ဘာဖြစ်လို့လဲဟ”
“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
“ဟိုက်”
.........................................................................

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"
+ + + + +
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။
+ + + + +
* သေနည်းကောင်း*
ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"
+ + + + +
မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
+ + + + +
မင်္ဂလာဆောင်တခု၌ဖြစ်သည်
မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"
+ + + + +
အဖေ့အပေါ် မူတည်တယ်
" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "
+ + + + +
*မဖြစ်ဘူး*
" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"
+ + + + +
*ရွေးချယ်မှု*
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
...................................................................................
မယားဓါတ်ပုံ
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.
ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ
ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူအလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။ ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ"
အမလေး ရှင်မပြန်သေးဘူးလား?
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း
Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."
Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး
ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"
နောင်တ
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
ဒါပေမယ့်
"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။
" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်"။
သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "
အမေတာဝန်ယူတယ်
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "
မှန်လိုက်လေ
လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား " မင်းတို့ မိန်းမတွေကရော"
မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော
ပါးစပ်ကပဲ ပြန်ထုတ်တာ"
စဉ်းစားပါဦး
သူမ "ငါနိုင်ငံခြားသွားမလို့ "
သူငယ်ချင်း " ဘာလုပ်ဖို့ "
သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "
သူငယ်ချင်း " အတော်ကုန်မှာပဲနော်"
သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "
သူငယ်ချင်း " နှမြောစရာကြီးဟယ်"
သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"
သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်
မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"
ကယ်တင်ရှင်
ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်
ပထမနေ့…အပျံစားသဘော်ဖြစ်သည်။
သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်
ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။
တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။
စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။
ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။
ပြေးကြည့်ဦး
"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
လူအုပ်က လိုက်ဖမ်းနေတယ်"
"ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း။
နင့်အဖေများ ဖြစ်နေသလားလို့"
မင်းကြောင့်
လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား ပောာပြောပွဲလုပ်သည်
လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်
ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး"
ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…
မင်းသိမှာပေါ့
A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို လာရင်သူ့ကို သိမှာပေါ့"
B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"
..................................................................................
ဆောင်းတွင်းအိပ်မက်

စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ။ ဘေးမှာက တရုတ်မလေးတစ်ယောက်။ ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့ တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့ ရုရှလိုပြန်ပြောနေတယ်။ အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့ မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့ J-Lo ဖြစ်နေတယ်။ သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း ပြောလိုက်သေးတယ်။ ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။
လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ အများကြီး လာကြိုနေတယ်။ ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လေဆိပ်က ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့ အမြန်ပြေးတက်ပြီး လိုက်သွားတယ်။ ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင် နေရာမရှိဘူး။ သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက အဘားအဘား ခေါ်လောက်တယ်။ စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။ ကားပေါ်က လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။ ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့ ကားကို တစ်ချက်ကြည့်လိုက်တယ်။ မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။ မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။
လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။ ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန် ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။ အရင်တုန်းက အမေရိကားနဲ့ မတူကြောင်း။ သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့ မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။ ခုနောက်ပိုင်း မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု စားလို့မလောက်ကြောင်း။ ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။ ကျွန်တော်လည်း သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း နားထောင်နေလိုက်တယ်။
ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။ ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။ အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း လိုက်နေကြတယ်။ ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။ နောက် ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။ အိုဘားမားက မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့ စွပ်စွဲတယ်။ ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။ ဆက်သွားရင်းနဲ့ ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့ ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။ ဟိုတယ်က ကုလားလေးတွေကို မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က မီးပြတ်ရက်တဲ့။ စိတ်ကုန်လိုက်တာဗျာ..။
ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။ တိုးလိုက်ရတာဗျာ။ စောင့်ရတာလည်း ပြောမနေနဲ့တော့။ ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC ရှိုးသွားကြည့်တယ်။ စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ မျိုးကြီးက စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့ ထချကြတာ နောက်ဆုံးတော့ ဒွေးသေသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ ပတ်စပို့တန်းရတာပဲ။ ပြန်ရတော့မယ်ဆိုတော့ အွန်စောလေးကို သွားနှုတ်ဆက်တော့ ဖက်ဖက်ပြီး ငိုလိုက်တာကို ပြောမနေနဲ့တော့။ ကျွန်တော်လည်း နှစ်သိမ့်ရင်း ပုခုံးလေးကို ကိုင်ပြီး ပါးလေးကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….
ဒုံး……
ကျွန်တော် လန့်နိုးသွားတယ်။ ကြောင်က ဗီဒိုပေါ်ကနေ ခုန်ချလိုက်ခြင်းပင်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတဲ့ အတိုင်းပဲ။ ဘာတွေ မက်နေမှန်းလဲမသိ။ အစီအစဉ်လည်း မကျ။ အိမ်ကကြောင်ကိုတော့ တော်တော် စိတ်ဆိုးသွားခဲ့တယ်ဗျ…။ ဘယ့်နှယ် … ကောင်းခန်းရောက်မှဗျာ။
Mail ထဲကို ရောက်လာတဲ့ဟာသလေးပါ။ ။
...........................................................................
စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်
များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့
တရ်…ထီးယူဖို့မေ့နေတရ်.."
----------------------------------------------------------------------------------------------
သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´
-----------------------------------------------------------------------------------------
စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့
------------------------------------------------------------------------------------------
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.
---------------------------------------------------------------------------------------------------------------------
မှတ်မိသမျှလေးကို ပြန်လည်ရေးသားခြင်းသာဖြစ်ပါတရ်.... လွဲမှားသွားရင်
ခွင့်လွတ်ပေးကြပါ....
တစ်ခါတစ်လေ ကလေးတွေရဲ့ ရိုးရှင်းတဲ့ မြင်ကွင်းလေးတွေကို ဟာသလေး
မြောက်သွားအောင်
ရေးထားတာလေးတွေ ဖတ်ဖူးပါတရ်…
ကျွန်တော် အဲဒီဟာသလေးကို ဖော်ပြလိုက်ပါတရ်..
ကလေးတွေရဲ့ အမြင်လေးတွေဖြစ်တာကြောင့် သူတို့ဘက်ကတော့
ရိုးရိုးသားသားလေးတွေပါ..
ကဲ… ကျွန်တော်တို့ကတော့ ဦးဏှောက်ကြီးတဲ့သူတွေဆိုတော့ ဖြန့်ပြီးတွေးရင်
ရီမောကြတာပေါ့..
သားအမိသုံးယောက်စားကြတဲ့ လက်ဆုံထမင်းဝိုင်းလေးမှာပေါ့…
ထမင်းစားကြရင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ လက်ဆုံကြတဲ့အခါ
ယောင်္ကျားဖြစ်သူက "ဟ.. ဒီနေ့တော့ လက်ဆုံနေတရ်.. ဧည့်သည်လာမရ်
ထင်တရ်..မိန်းမရေး"
လို့ပြောတော့ သားဖြစ်သူက " လက်ဆုံမှာပေါ့.. အမေတို့က ဟင်းတစ်မျိုးတည်း
ချက်တာကို "တဲ့.
-----------------------------------------------------------------------------------------------------------------------------
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတရ်…
အမြဲတမ်းသူ့ကိုဦးစားပေးတရ်…သူက သားဦးကို… နောက်တော့
သူလည်းညီလေးတစ်ယောက်
ထပ်ရလာပါရော..
အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရ်…
တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတရ်…
ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း
သူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တရ်…
အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရောဗျာ..
....................................................................................
နှာဘူးပါဘုရား....
ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ...ဥပမာ..
ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ...အဲလိုပါ..ဘာကြောင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး....။
ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ...ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။
ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ 'ဂွေးကြီးဆရာတော်' ရယ်လို့ နာမည်တွင်သွားတာပေါ့.
ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး...ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသိုလ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။
ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။
စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်..." ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်" တဲ့.
ဇာတ်က မပြီးသေးဘူးဗျ...
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး...။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀၀ ပါဘုရား.....
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ...အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။
ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ...အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
" ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"
ကဲ ...ကောင်းရော...ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ...ဘာကွ...လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်...
နှာရှူဗူးမဲပေါက်တာပါဘုရား....တဲ့...။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့...။
No comments:
Post a Comment