ဂီတ

Jason Becker လို့ခေါ်တဲ့ ကျွန်တော်အရမ်းကြိုက်တဲ့ ဂစ်တာသမားတစ်ယောက်.............







Jason Becker

Jason Becker(born July 22, 1969)ဟာAmerican neo-classical metal guitarist တစ်ယောက်ဖြစ်ပါတယ်။..သူ့ရဲ့တီးဟန်ကတော့Classical ဘက်ကိုနွယ်ပြီးSweeping တီးမှုတွေဟာ ကြောက်ခ မန်းလိလိ လျှင် မြန် တဲ့ ဂစ် တာသမားတစ်ယောက်ဖြစ်ပါတယ်။သူအသက် ၁၆ နှစ်မှာ တော့ သူ့သူငယ်ချင်း ဂစ်တာ သမားတစ်ယောက် ဖြစ်တဲ့ Marty Friedmanနဲ့အတူ Cacophony လို့ခေါ်တဲ့ Neo Classical Metal Band တစ်ခုကို စတင်ဖွဲ့ခဲ့ ကြ တယ်။ ပြီးတော့ ၁၉၈၇ မှာ Speed Metal Samphony နဲ့ ၁၉၈၈ မှာ Go Off!! ဆိုတဲ့ အယ်လ်ဘမ်တွေကို ထုတ် လုပ်ခဲ့ကြတယ်။ ၁၉၈၈ သူ့ရဲ့ ပထမဆုံး solo albumဖြစ်တဲ့ Perpectual Burn လို့အမည်ရတဲ့ Guitar Instrumental အခွေထွက်ပြီးတဲ့နောက် ၁၉၈၉ ခုနှစ်မှာ Cacophony ကထွက်ပြီး သူ့ရဲ့တစ်ကိုယ်တော်Guirarist ဘ၀ကို စတင်ခဲ့တယ်။ အဲဒီနောက်မှာ David Lee Roth ရဲ့Band ကို ရောက်၇ှိသွားပြီး အဲဒီ Band နဲ့ဘဲ Album တစ်ခု ထုတ်ခဲ့တယ်။ ဒါပေမယ့် Jason Becker ရဲ့လှပတဲ့ အနာဂတ်နဲ့ အောင်မြင်မှုတွေဟာamyotrophic lateral sclerosis သို့မဟုတ်Lou Gehrig's Diseaseလို့ခေါ်တဲ့ ရောဂါဆန်းတစ်မျိုးကြောင့် မှေးမှိန်ပျောက်ပျယ်သွားခဲ့ရတယ်။ အဲဒီရောဂါကြောင့်ဘဲ နောက်ဆုံးတော့ သူဟာလှုပ်ရှားမှုတွေမလုပ်နိုင်တော့ဘူး။ စကားလည်းမပြောနိုင်တော့ဘူး။ အသိဥာဏ်ရှိလျက် နဲ့ သေနေတဲ့လူတစ်ယောက်လိုဖြစ်သွားပြီးအဆိုးဆုံးကတော့အဲဒီရောဂါကြောင့်ဘဲ သူ့ရဲ့ဂစ်တာတီးရာမှာ လျှင်မြန် ဖြန့်လတ်လှတယ် ဆိုတဲ့ သူ့တဲ့ လက်ကို ဖြတ်တောက်ပစ်လိုက်ရတာဘဲ။ ဒါပေမဲ့ Jason Becker ရဲ့ ဂီတကို ချစ်တဲ့စိတ်နဲ့ မာကျောတဲ့သူ့ရဲ့စိတ်ဓါတ်ကို ဘယ်အရာတွေကမှ တားဆီးလို့မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့.....ဂီတဖန်တီးဖို့အတွက် သူ့မှာ လက်နှစ်ဖက်မရှိပေမယ့် Computer အကူအညီနဲ့ သီချင်းတွေရေးစပ်ပြီး သူ့ရဲ့နောက်ထပ် Album တစ်ခုကိုတောင် ထုတ်ခဲ့တယ်။

ဒီကနေ့မှာတော့သူဟာ..ကမ္ဘာ့ဂီတသမိုင်းမှာ အကောင်းဆုံးနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတစ်ယောက် သတ်မှတ်ခြင်းခံရတယ်။။။

A.C..........










..........................................................................



Yngwie Malmsteen































..............................................................................